ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ များမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှု အားပေးသည်။
သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ Oxygen Concentrator များ လှူဒါန်း

မဟာအောင်မြေမြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စု ၂၀၀ အား ဆန်နှင့် ခေါက်ဆွဲခြောက်များ လှူဒါန်း

ပုဗ္ဗသီရိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပွဲကို ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါ ဆေးရုံ၌ ကျင်းပခဲ့သည်။
သီတဂူဆရာတော်ကြီး မင်းကွန်းတောင်ရိုးရှိ သံဃာတော်၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ကြွရောက်အားပေး
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးသည် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မင်းကွန်းတောင်ရိုးရှိ သံဃာတော်၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကြွရောက်အားပေးတော်မူခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ Oxygen Concentrator အလုံး ၃၀၊ အောက်ဆီဂျင်အိုး အလုံး ၁၂၅၀ ၊ Medical Regulator အခု ၁၂၅၀  ပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်ကုသဆေးများ ဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ရေကျော်နေ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီ တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက်  ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်လျက်ရှိပြီး  မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေး ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင်အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်း