ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ရေကျော်နေ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီ တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက် ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်လျက်ရှိပြီး မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေး ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင်အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်း




