နောင်ချို ဩဂုတ် ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆန်၊ ဆီ၊ စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေး ပစ္စည်းများကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စား ခေတ္တတပ်မမှူး ဗိုလ်မှူးကြီးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆန်အိတ် ၃၀၊ ဆီ ပိဿာ ၃၀၊ ကြက်ဥ အလုံး ၁၀၀၀၊ Mask အခု ၂၀၀၀၊ Faceshield အခု ၂၀၀၊ ခေါက်ဆွဲ နှစ်ဖာ၊ အရက်ပြန် တစ်ပုံး၊ ပိုးသတ်ဆေး တစ်ပုံးတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ စားသောက်ကုန်ပစ္စည်းများနှင့် ရောဂါကာကွယ်ရေးပစ္စည်းများကို အရှေ့မြောက်ပိုင်းစစ် ဌာနချုပ်မှ ကိုဗစ်စင်တာ၊ Positive စင်တာများရှိ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူလျက်ရှိသော လူနာ များအတွက် ပေးပို့ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ မြနန်းတော်ဝင်ခန်းမ၊ သဖန်းကိုင်းပရဟိတစင်တာ၊ သုံးဆယ်တိုက်နယ်ဆေးရုံတို့ရှိ စင်တာများသို့ ဆက်လက်ပေးပို့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့ နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)