Latest News

နောက်ဆုံးရသတင်းများ

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်

မိုးလေဝသ

16/05/19

နေပြည်တော် ၁၆ မေ

ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

MDN

 

မြေထိန်းနံရံ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် လူထုစစ်ဆေးပွဲပြုလုပ်၍ အတည်ပြုချက်ရယူ

ပြည်တွင်း

16/05/19

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း တတိယနှစ် စက်ဝန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအနက် နတ်အင်း ကျေးရွာတွင် ဆောင်ရွက်သည့် မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း လုပ်ငန်းစဉ်နှင့် ရလဒ်ကို ယနေ့နံနက် ၇ နာရီက ကျေးရွာစုရပ်ဆောင်၌ ပြုလုပ်ခဲ့ကြောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

မင်းဘူး(စကု) မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦများ အမိုးလန်ပျက်စီး

ပြည်တွင်း

16/05/19

မင်းဘူး ၁၆ မေ    
    
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် မေ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦများ အမိုးလန်ပျက်စီးခဲ့ကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မလှိုင်မြို့တွင် ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲ ဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ပြည်တွင်း

16/05/19

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ သမိုင်းဝင်ရွှေမုဠော စေတီတော်မြတ်ကြီး၌ နှစ် ၁၀ဝ ပြည့် ကဆုန်ညောင်ရေသွန်း ဖွင့်ပွဲအဖြစ် မင်္ဂလာအခမ်းအနားများကို ယနေ့နံနက် ၈ နာရီတွင် မလှိုင်မြို့ သမိုင်းဝင်ရွှေမုဠောဘုရားကြီး၏ ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲတော် မုခ်ဦးတွင် စတင်ကျင်းပခဲ့ကြသည်။

ရေနံလက်ယက်တွင်းများမှ ရေနံစိမ်းများအား တရားဝင်ခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်များဖြင့် သယ်ယူခြင်းမရှိပါက  ထိရောက်စွာအရေးယူမည်

ပြည်တွင်း

16/05/19

မကွေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကရေနံ လက်ယက်တွင်းများမှ ထွက်ရှိသည့်ရေနံစိမ်းများအား  ရေနံချက်လုပ်ရန် သယ်ယူရာ၌ -----------------

မကွေးတိုင်းဒေသကြီးရှိ ဆည်မြောင်းတာတမံများ နှင့် ကျေးလက်ဆည်ကန်တမံများအား ငွေကျပ်သန်း ၉၆၀ဝကျော်အသုံးပြု၍ ပြုပြင်တည်ဆောက်နေ

ပြည်တွင်း

16/05/19

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းတာတမံများနှင့် ကျေးလက်ဆည်၊ ကန်၊ တမံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်၌ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၉၆၀ဝ ကျော် အသုံးပြုလုပ်ဆောင်နေကြောင်း သိရသည်။

မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ပြည်တွင်း

16/05/19

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာတွင် မေ ၁၅ ရက်ညနေ ၃နာရီ ၄၈ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခိုက်၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့်အဆောက်အဦများပျက်စီး

ပြည်တွင်း

16/05/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မေလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စုများအတွင်းရှိ လူနေအိမ်စက်ရုံအလုပ်ရုံများ သာသနိက အဆောက်အဦများပြိုလဲခြင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။

အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

မိုးလေဝသ

16/05/19

ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ  (၃၁)မိနစ်၊ (ဝ၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၅)မိုင် ခန့်ကွာဝေးသော (Myanmar – India Border Region) မြောက်လတ္တီတွဒ် (၂၃.၈၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၇) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဓနုဖြူတွင် သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး 

ပြည်တွင်း

16/05/19

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် --------------