မလှိုင်မြို့တွင် ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲ ဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

မလှိုင် ၁၆ မေ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ သမိုင်းဝင်ရွှေမုဠော စေတီတော်မြတ်ကြီး၌ နှစ် ၁၀ဝ ပြည့် ကဆုန်ညောင်ရေသွန်း ဖွင့်ပွဲအဖြစ် မင်္ဂလာအခမ်းအနားများကို ယနေ့နံနက် ၈ နာရီတွင် မလှိုင်မြို့ သမိုင်းဝင်ရွှေမုဠောဘုရားကြီး၏ ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲတော် မုခ်ဦးတွင် စတင်ကျင်းပခဲ့ကြသည်။


အဆိုပါ ကဆုန်ညောင်ရေးသွန်းပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားသို့ မလှိုင်မြို့ရှိ သြဝါဒစရိယ ဆရာတော်သံဃာ တော်များ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ဌာနဆိုင်ရာ အကြီး အကဲများ ဘုရားကြီး ဂေါပကအဖွဲ့ နှင့် ဝေနေယျများ၊ ဝတ်အသင်းသူ အသင်းသားများ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တတ်ရောက်ခဲ့ကြသည်။

 

1


မလှိုင်မြို့ နှစ်(၁၀ဝ)ပြည့် ကဆုန်ညောင်ရေသွန်းပွဲကျင်းပရာတွင် မေ ၁၄ ရက် နံနက်ပိုင်းက စိန်ဖူးတော် ငှက်မြတ်နားတော် ရွှေဖူးတော်အသစ် တို့အား မြို့နယ်တွင်း လှည့်လည်အပူဇော်ခံခဲ့ပြီး ကဆုန်လဆန်း(၁၃)ရက် ယနေ့တွင် နံနက် (၈)နာရီမှ စတင်၍ ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲ ဖွင့်ပွဲမင်္ဂလာ၊ သာသနာ့ဓဇ အောင်လံ တော်တင် မင်္ဂလာအခမ်းအနား၊ ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲတော် ကမ္ဗည်းမော်ကွန်း ကျောက်စာဖွင့်ပွဲ၊ ရွှေထီးတော် ပထမဘုံအဆင့်တင်လှူပူဇော်ပွဲနှင့် သံဃာအပါး ၁၀ဝ တို့အား သံဃာရတနာပူဇော်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။


ကဆုန်လဆန်း(၁၄)ရက်နေ့တွင် နံနက် ၈နာရီမှ စတင်၍  ရာပြည့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနား/ ရွှေထီးတော် ဒုတိယအကြိမ်တင်လှူပူဇော်ပွဲ နှင့် သံဃာအပါး(၁၀ဝ)တို့အား သံဃာရတနာ ပူဇော်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

1


ကဆုန်လပြည့်နေ့တွင် နံနက် ၆ နာရီမှ စတင်ကာ ရာပြည့်နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်ပေးမည်ဖြစ်ပြီး စိန်ဖူးတော် ငှတ်မြတ်နားနော် နှင့် ရွှေထီးတော်အသစ် တင်လှူပူဇော်ကာ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွမင်္ဂလာ သံဃာအပါး(၁၀ဝ)အား သံဃာရတနာပူဇော်ပွဲမင်္ဂလာတို့ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ညနေ(၃)နာရီအချိန်တွင် ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ကဆုန်လပြည်ကျော်(၁)ရက်နေ့ ညနေ (၄)နာရီတွင် ရာပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်လုံးကျွတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဘိုဘို(မလှိုင်)