ဓနုဖြူတွင် သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး 

ဓနုဖြူ ၁၆ မေ 


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် မေ ၁၅ ရက် ညနေပိုင်းက  သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး မြေစိုက်ဘုတ်အား ဆောင်ရွက်ထားရှိသည်။


သဘာဘေးအန္တရာယ်များ ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လုပ်ခြင်း စသည့် သဘာဝဘေးများ ကျရောက်လာပါက ဆောင်ရွက်ပြုမူ လုပ်ဆောင်ရမည့်အချက်များ၊ သဘာဝ ဘေးကျရောက်တော့မည်ကို သိရှိပါက မည်သို့ဆောင်ရွက်ထားရှိရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် လုပ်ဆောင်ရမည့်အချက်များအား ထိုမြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားရှိကြောင်း သိရသည်။


သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီဒီယိုခွေ ပြသခြင်းကိုလည်း မေ ၁၅ ရက် ညနေ ၃နာရီခွဲက ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရှိ ပြည်သူ့စာကြည့်တိုက် အတွင်းတွင်လည်း စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းဖတ်ရှုသူများနှင့် ကလေးငယ်များအား ပြသပေးခဲ့ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)