လေပြင်းတိုက်ခိုက်၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့်အဆောက်အဦများပျက်စီး

နတ်တလင်း ၁၆ မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မေလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စုများအတွင်းရှိ လူနေအိမ်စက်ရုံအလုပ်ရုံများ သာသနိက အဆောက်အဦများပြိုလဲခြင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါလေပြင်းတိုက်မှုကြောင့်ကျေးရွာအုပ်စု (၂၅) အုပ်စုမှနေအိမ်(၂၅)လုံးစပါးအခြောက်ခံစက် (၂) လုံးပြိုလဲပျက်စီးခဲ့ပြီးဘုန်းကြီးကျောင်း(၄) ကျောင်းနေအိမ်(၃၁၃) လုံးတို့အမိုးလန်ပျက်ဆီးသွားသည်။

လေဘေးသင့်ပြည်သူ အိမ်ခြေ(၃၃၈) လုံးအိမ်ထောင်စု (၃၃၈) ဦးတို့မှလေဘေးသင့်ခဲ့ပြီးတာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးသားချင်းများ၏နေအိမ်များတွင်ယာယီနေရာချထားပေးကြောင်းသိရသည်။

တင်မြင့် နတ်တလင်း