မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

အထက်မင်းလှ ၁၆ မေ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာတွင် မေ ၁၅ ရက်ညနေ ၃နာရီ ၄၈ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

29

 

ဖြစ်စဉ်မှာ လက်ပံတံခါးကျေးရွာနေ ဦးနိုင်ဝင်း၏နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး  ၎င်း၏ယောက္ခမတော်စပ်သူ ဒေါ်တင်ငွေနေအိမ်သို့ မီးကူးစက် လောင်းကျွမ်းခဲ့သည်။ 

 

754

 

ယင်းမီးလောင်မှုဖြစ်ပွားရာသို့ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ ညနေ (၃) နာရီ (၅၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ပြီးလူနှင့် တိရစ္ဆာန်များမီးလောင်ကျွမ်းဆုံးရှုံးမှုမရှိကြောင်း၊ သက်ကယ်မိုး၊ ထရံကာ သုံးပင်အိမ်နှစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)