မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲမှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၉/၄) ကျားခြံ တောင်တံတားအနီးနှင့် မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)တို့အကြား ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် AA အဖွဲ့ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့် ကားလမ်းအနည်းငယ် ပျက်စီးခဲ့ပြီး ကျန်ထိခိုက်မှုမရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ကျေးရွာလမ်းများ၌ ဖြစ်ပွားမှုများပြား
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်မတော်တဆ ဖြစ်ပွားမှုများအနက် ကျေးရွာလမ်းများတွင် ၁၁၉ မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးရှိရာ လမ်းများအလိုက် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင်  ကျေးရွာလမ်းများ၌  အများဆုံးဖြစ်ကြောင်း သိရသည်။
မိုင်းရယ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ည ၈ နာရီက မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်လမ်းမပေါ်တွင် အိုက်အောင်စိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ထားသည့်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ သိမ်းဆည်း ရမိခဲ့သည်။ 
ဒိုက်ဦး၊ မောင်တောနှင့် သိန္နီ မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ ဇွန် 

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီး ကျားခြံတောင်တံတားထိပ်၌ မိုင်းနှစ်လုံးပေါက်ကွဲ

မြေပုံ ၄ ဇွန်

ညအချိန်စက်ဘီးတွန်းလာသူတစ်ဦး လှည့်ကင်းနှင့်တွေ့၍ စစ်ဆေးရာမှ ကျုးလွန်ခဲ့သော စက်ဘီးခိုးယူထားမှုများ ထပ်ပေါ်ပေါက်
ဒလမြို့နယ်တွင် ဇွန်လ ၁ ရက် ည ၉ နာရီက စက်ဘီးတစ်တွန်းလာသူတစ်ဦးအား လှည့်ကင်းအဖွဲ့မှ စစ်မေးရာမှကျုးလွန်ခဲ့သော စက်ဘီးခိုးယူမှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။