ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီး ကျားခြံတောင်တံတားထိပ်၌ မိုင်းနှစ်လုံးပေါက်ကွဲ

မြေပုံ ၄ ဇွန်

ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီး မြေပုံမြို့နယ်လမ်းအပိုင်း ဂြန့်ဟင်းခါးကျေးရွာအနီး မိုင်တိုင်အမှတ် (၆၉/၄)အတွင်း ကျားခြံတောင်တံတားထိပ် ဝဲ/ယာ နှစ်ဘက်၌ ယနေ့နံနက်ပိုင်းတွင် မြေမြုပ်မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် တံတားဝဲဘက်ဘေးအောက်ခြေအုပ်ခုံ အနည်းငယ်နှင့် လမ်းအနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သတင်းရရှိသည်။

MDN