ဒိုက်ဦး၊ မောင်တောနှင့် သိန္နီ မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ ဇွန် 

မူးယစ်တပ်ဖွဲ့စု(၃၆) ပဲခူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် မွန်းလွဲ ၃ နာရီက အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း၏ အကြောင်းကြားချက်အရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၂၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ကျင့် ၂၀၂ အမှုမှ သက်သေခံမော်တော်ယာဉ်အဖြစ် သိမ်းဆည်းထားသည့် Vigo Hilux အမျိုးအစား မော်တော်ယာဉ်အား သွားရောက်စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၂၃၆၅၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၉၀ဝ နှင့် စိတ်ကြွရူးသွပ်ဆေးပြား (အကြေမှုန့်) ၉၀ဝ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

22.2.

 

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်နေ ဆော်လိမ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ဟာဘေတာခါတူအား တွေ့ရှိရပြီး နေအိမ်ခြံဝင်းအတွင်းရှိ Probox အမျိုးအစားမော်တော်ယာဉ်အတွင်း၊ မော်တော်ယာဉ်အနီးရှိ ဆာလာအိတ်အတွင်းနှင့် နေအိမ်ရေချိုးခန်းအတွင်းတို့မှ ငွေကျပ်သိန်း ၅၆၅၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၈၂၇၅၀ သိမ်းဆည်းရမိခဲ့သည်။

 

3.3..

 

ထို့အတူ ည ၁၁ နာရီခွဲက သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး ကားလမ်းမကြီးပေါ်တွင် လွင်မျိုးအောင် (ခ) အိုက်ပီး မောင်းနှင်ပြီး ရန်စန်းလိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်တားဆီးစစ်ဆေးနေစဉ် ရန်စန်းမှာထွက်ပြေးသွားသဖြင့် လွင်မျိုးအောင်(ခ)အိုက်ပီးနှင့် မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်အနောက်ခန်းအတွင်းမှ  ငွေကျပ်သိန်း ၃၇၀ဝ၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၅၀ဝ၀ဝ၊ ငွေကျပ် ၂၀ဝ၀ဝ၀ နှင့်  လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်