မိုင်းရယ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ ဇွန် 

မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ည ၈ နာရီက မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်လမ်းမပေါ်တွင် အိုက်အောင်စိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ထားသည့်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ သိမ်းဆည်း ရမိခဲ့သည်။ 

ထို့အတူ ယင်းနေ့ ညနေ ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ တာပုံကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာလမ်းတွင် အိုက်ဆိုင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁၄၄ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀ဝ၀ နှင့် ဓားတစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ကိုရဲ