လှိုင်းဘွဲမြို့နယ် ပလောညာသီးကျေးရွာ၌ ကြိုးတံတားတည်ဆောက်မှု မကြာမီပြီးစီးတော့မည်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ မြို့နယ်၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက  လူထုဗဟိုပြုစီမံကိန်း (CDD) ပထမနှစ်စက်ဝန်းဖြင့် ဆောင်ရွက် သည့် နွဲ့ပညာကျေးရွာအုပ်စု၊ ပလောညာသီး ကျေးရွာတွင် ယခုနှစ်ဇွန်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့သည့် ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေး
ကရင်ပြည်နယ်၊ လိပ်သိုမြို့ အလယ်ချောင်းကျေးရွာအုပ်စုနှင့် လိပ်သိုကြီးကျေးရွာအုပ်စုတို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သံတောင်ကြီးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစောရှဲရစ်ဖ် ဦးစီးသော ဝန်ထမ်းများနှင့် (NRC) NORWEGIAN REFUGEE  COUNCIL မှ ဝန်ထမ်းများ ပူးပေါင်း၍
ဖာတင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီး၍ သန့်ရှင်းသည့် သောက်သုံးရေများကို ပြည်သူများ လုံလောက်စွာ အသုံးပြုနိုင်တော့မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူ များအနေဖြင့် သန့်ရှင်းသည့် သောက်သုံးရေများကို လုံလောက်စွာအသုံးပြုနိုင်ရေးအတွက်
ကော့သောင်းမြို့ရှိ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့က အမှိုက်များ ရှင်းလင်း 
ကော့သောင်းမြို့၏ မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားခြင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ယနေ့စက်တင်ဘာ၂၁ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
World CIean Up Day အထိမ်းအမှတ်အနေဖြင့် ငွေဆောင်ကမ်းခြေတွင် စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေဒေသတွင် ယနေ့နံနက် ၈ နာရီအချိန်က World Claen Up Day အထိမ်းအမှတ် စုပေါင်းအမှိုက်ကောက်ပွဲကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။