ကော့သောင်းမြို့ရှိ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့က အမှိုက်များ ရှင်းလင်း 

ကော့သောင်း  ၂၁  စက်တင်ဘာ

ကော့သောင်းမြို့၏ မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားခြင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ယနေ့စက်တင်ဘာ၂၁ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

ယခုနှစ် အခြေခံကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ ရောဂါဘယကင်းဝေးစွာ ပညာသင်ကြားနိုင်ကြရေး ရည်ရွယ်လျက်   ကမ်းနီး အဖြူရောင် ပရဟိတအဖွဲ့မှ ကော့သောင်းမြို့ အောင်သုခရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဝန်းကျင် ခြင်မခိုအောင်းနိုင်ရေး ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား ရှင်းလင်းဖယ်ရှားခြင်း၊ မော်တော်ယဉ်များဖြင့် သယ်ယူကာ သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်ရာသို့ သယ်ယူပို့ဆောင် ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေး အမှိုက်များပိတ်ဆို့နေသည့်ရေနှုတ်မြောင်းအား တူးဖော်ပေးခြင်း  စသည့် လုပ်ငန်းများအား ကျောင်းသားကျောင်းသူများ ပါဝင်ပူးပေါင်းလျက် ပရဟိတ အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)