လှိုင်းဘွဲမြို့နယ် ပလောညာသီးကျေးရွာ၌ ကြိုးတံတားတည်ဆောက်မှု မကြာမီပြီးစီးတော့မည်

လှိုင်းဘွဲ  ၂၁  စက်တင်ဘာ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ မြို့နယ်၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက  လူထုဗဟိုပြုစီမံကိန်း (CDD) ပထမနှစ်စက်ဝန်းဖြင့် ဆောင်ရွက် သည့် နွဲ့ပညာကျေးရွာအုပ်စု၊ ပလောညာသီး ကျေးရွာတွင် ယခုနှစ်ဇွန်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့သည့် ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ေ

 

အဆိုပါ ကြိုးတံတားမှာ အရှည် ပေ ၁၀ဝ၊ အကျယ် ၅ ပေ အမြင့် ၁၆ ပေရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၉)သန်း ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းအင်ဂျင်နီယာများ၏ နည်းပညာ အကူအညီဖြင့် ကျေးရွာသူ ကျေးရွာသား များကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ပလောညာသီး ကျေးရွာရှိ အိမ်ခြေ ၁၀၃ အိမ်မှ လူဦးရေ ၄၇၈ ဦးအတွက်  ပညာရေး၊ ကျန်းမာရေး နှင့်လူမှုရေးကိစ္စများအား ရာသီမရွေး လွယ်ကူစွာဖြင့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း လှိုင်းဘွဲ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်ကပြောပြ၍ သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း ပထမနှစ်စက်ဝန်း စီမံကိန်း ထောက်ပံ့ငွေကျပ် (၃၀၄၀) သန်းဖြင့် လမ်းလုပ်ငန်း (၁၃၂) ခု၊ တံတားလုပ်ငန်း (၁၀) ခု ၊ ကျောင်းအဆောက်အဦး (၃၄) ခု ၊ကျေးလက်ဒေသရေရှိရေး(၂၁)ခု၊ ကျေးရွာ မီးလင်းရေး(၈)ခု၊ ကျေးလက်ကျန်းမာရေး ဆိုင်ရာအဆောက်အဦး (၁) ခု၊ ကျေးရွာ ဘက်စုံသုံးခန်းမဆောင် (၇)ခု၊ စုစုပေါင်း လုပ်ငန်းခွဲ (၂၁၃)ခုအားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က ဆက်လက်ပြောပြသည်။

ငြိမ်းသူ