World CIean Up Day အထိမ်းအမှတ်အနေဖြင့် ငွေဆောင်ကမ်းခြေတွင် စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ

ငွေဆောင်  ၂၁  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေဒေသတွင် ယနေ့နံနက် ၈ နာရီအချိန်က World Claen Up Day အထိမ်းအမှတ် စုပေါင်းအမှိုက်ကောက်ပွဲကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းအမှိုက်ပွဲကို ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများ ဟိုတယ်ဇုန် ဥက္ကဋ္ဌနှင့် ဟိ်ုတယ်ဝန်ထမ်းများ ပြည်သူများ  စုစုပေါင်း အင်အား ၁၅၀  ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ငွေဆောင် (ပြန်/ဆက်)