သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေး

လိပ်သို  ၂၁  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ လိပ်သိုမြို့ အလယ်ချောင်းကျေးရွာအုပ်စုနှင့် လိပ်သိုကြီးကျေးရွာအုပ်စုတို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သံတောင်ကြီးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစောရှဲရစ်ဖ် ဦးစီးသော ဝန်ထမ်းများနှင့် (NRC) NORWEGIAN REFUGEE  COUNCIL မှ ဝန်ထမ်းများ ပူးပေါင်း၍ သစ္စာစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်းနှင့် မိတ္တူကူးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး အလယ်ချောင်းကျေးရွာတွင် ကျောင်းသား ကျောင်းသူ ၈၀ ဦးနှင့် ကျေးရွာသား ကျေးရွာသူ ၈၈ ဦး၊ လိပ်သိုကြီးကျေးရွာအုပ်စုတွင် ကျောင်းသား ကျောင်းသူ ၃၀ဦးနှင့် ကျေးရွာသား ကျေးရွာသူ ၆၂ ဦး စုစုပေါင်း ၂၆၀ ဦးတို့အား (အခမဲ့) ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံသား စိစစ်ရေးကဒ်ပြားများကို လဝကမြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ကာယကံရှင်လက်ထဲသို့ အပြီး ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

 

လိပ်သို (ပြန်/ဆက်)