မန္တလေးမြို့မှာ ယာဉ်အပ်နှံခနှင့် လမ်းဘေးစျေးကောက်ခံခွင့်မှ ကျပ်သိန်း ၁၇၀၀၀ ကျော် လေလံရ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း ယာဉ်အပ်နှံခကောက်ခံခွင့်၊ စျေးတွင် ထီးတိုင်စိုက်ထူခွင့်၊ လမ်းဘေးစျေးကောက် ကောက်ခံခွင့်များကို စက်တင်ဘာ ၁ ရက်က လေလံစနစ်ဖြင့်ချထားပေးရာ လေလံကြေး ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော်ရရှိကြောင်း မန္တလေးမြို့တော်စည်ပင်မှ သိရသည်။