မိုင်းဖြတ်၌   မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်(CERP)အရ (ဒုတိယအကြိမ်)ထောက်ပံ့ငွေပေးအပ်

မိုင်းဖြတ်  ၁  စက်တင်ဘာ 


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ၊မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ ၁ရက် မွန်းလွဲပိုင်းက ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ် (Covid-19 Econmic Relief Plan)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်သည့်အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင် က ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ် (Covid-19 Econmic Relief Plan)အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်  တာဝန်ရှိသူများ က(CERP)အရ မျိုးစေ့ထုတ်တောင်သူ ၁၉ ဦးအား တစ်ဧကလျှင်  မျိုးကွဲနုတ်ပယ်စရိတ် ငါးသောင်းကျပ်နှင့် မျိုးသန့်စင်ခြင်းစရိတ် တစ်သောင်းငါးထောင်ကျပ်နှုန်းဖြင့် ဧက ၅၀ အတွက် သုံးဆယ့် နှစ်သိန်းငါးသောင်း ကျပ်ကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ 


ယင်းနောက် မြို့နယ်ဦးစီးမှူးဦးသန်းထွဋ်လွင်နှင့် ဝန်ထမ်းများက တောင်သူများအနေ ဖြင့်မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်တက်စေရန် ကွင်းအတွင်း အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းများ၊ ပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။


သန်းထွန်းအေး(ပြန်/ဆက်)