မိုင်းဆတ်ခရိုင်ရှိ သက်ကြီးဘိုးဘွား(၂၇၃)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းထောက်ပံ့ပေးမည်

မိုင်းဆတ် ၂ စက်တင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ သက်ကြီးဘိုးဘွား (၂၇၃)ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ယခုစက်တင်ဘာလအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

"အသက်(၈၀)နှစ်နဲ့ (၈၅)နှစ်မပြည့်သေးတဲ့ သက်ကြီးဘိုးဘွားတွေကိုတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ နှုန်းနဲ့ တစ်ကြိမ်ပဲ ထောက်ပံ့ပေးမှာဖြစ်ပြီး အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားတွေကိုတော့ တစ်ဦး ကို လူမှုရေးပင်စင်တစ်လ ကျပ်တစ်သောင်းနှုန်းနဲ့ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ(၃)လအတွက် ကျပ်-၃၀၀၀၀နှုန်းထောက်ပံ့ပေးမှာပါ၊ အခု စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာ ထောက်ပံ့ပေး သွားမှာပါ"ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေး က ပြော သည်။

 

ဇူလိုင်အတွင်း ကောက်ယူထားရှိသော စာရင်းများအရ မိုင်းဆတ်ခရိုင်တွင် အသက်(၈၀)နှစ်မှ (၈၅)နှစ်ကြားရှိ သက်ကြီးဘိုးဘွား(၁၆၃)ဦးရှိပြီး မိုင်းဆတ်မြို့နယ်တွင်(၇၃)ဦးနှင့် မိုင်းတုံမြို့နယ်တွင် ၉၀ ရှိကြောင်း၊ အသက်(၈၅)နှစ်ပြည့်ပြီး သက်ကြီးဘိုးဘွား(၁၀၉)ဦးရှိပြီး မိုင်းဆတ်မြို့နယ်တွင် (၆၆)ဦးနှင့် မိုင်းတုံ မြို့နယ်တွင်(၄၃)ဦး ရှိကြောင်း သိရသည်။

 

မြင့်မောင်(မိုင်းဆတ်)