ကွန်ဟိန်းမြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း အမည်စာရင်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထားရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ  ရှမ်းပြည် နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို သြဂုတ် ၃၀ ရက်မှစ၍ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံ-၁၀ ဖြင့် ကြေညာထားကြောင်း သိရသည်။ 
ကျွန်းစုမြို့တွင်  Mask မတပ်ဆင်ထားသူ (၁၃)ဦးအား စစ်ဆေးဒဏ်ရိုက်အရေးယူ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန် ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများ မရှိစေ ရေးအတွက် Mask မတပ်ဆင်ထားသူ (၁၃)ဦးအား ငွေကျပ်(၅)ထောင်နှင့်ညီမျှသော Mask ဝယ်ယူစေခြင်း ဖြင့် ဒဏ်ရိုက်အရေးယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အုပ်စု(၂)စုခွဲ၍ ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌   မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်(CERP)အရ (ဒုတိယအကြိမ်)ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ၊မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ ၁ရက် မွန်းလွဲပိုင်းက ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ် (Covid-19 Econmic Relief Plan)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်သည့်အခမ်းအနားကို
မိုင်းဆတ်ခရိုင်ရှိ သက်ကြီးဘိုးဘွား(၂၇၃)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းထောက်ပံ့ပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ သက်ကြီးဘိုးဘွား (၂၇၃)ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ယခုစက်တင်ဘာလအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အအေးမိတုပ်ကွေးနှင့် ဗီတာမင် စီဓာတ်

ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေအများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတ