ကွန်ဟိန်းမြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း အမည်စာရင်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထားရှိ

ကွန်ဟိန်း    ၂    စက်တင်ဘာ      

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ  ရှမ်းပြည် နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို သြဂုတ် ၃၀ ရက်မှစ၍ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံ-၁၀ ဖြင့် ကြေညာထားကြောင်း သိရသည်။ 

 

ကွန်ဟိန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာရာတွင်  ရှမ်းပြည်နယ် (လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း(၇)ဦး၊ ကွန်ဟိန်းမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင်  လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦးတို့၏ အမည်စာရင်းများကို ဖော်ပြထားရှိပြီး ပါတီ(၅)ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း(၂၂) ဦး ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာ ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)