၁၇ နှစ်တာကာလအတွင်း ဆုဖလားလက်မဲ့ရာသီနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ရတော့မယ့် စီရိုနယ်လ်ဒို

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ မန်ယူအသင်း ထွက်ခဲ့ရပြီးနောက် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၁၇ နှစ်တာကာလအတွင်း ဆုဖလားလက်မဲ့ရာသီနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။
ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံဆုကို ကာကွယ်နိုင်မယ့်အခွင့်အရေး ဂျိုကိုဗစ် ရရှိတော့မည်
ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရသေးခြင်း မရှိပေမယ့် ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့တဲ့အတွက် လာမယ့်မေလအတွင်း ကျင်းပဖို့စီစဉ်ထားတဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကစားခွင့်ရရှိမှာဖြစ်တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် အခွင့်အရေး ရရှိတော့မှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ချယ်ဆီးအသင်း နောက်တစ်ဆင့်တက်
ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို မတ် ၁၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လိုင်လီနှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် ချယ်ဆီးက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး- တစ်ဂိုးဖြင့် ချယ်ဆီးအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ဂျူဗင်တပ်စ်နှင့် ဗီလာရီးရဲအသင်းတို့ပွဲစဉ်တွင် ဗီလာရီးရဲက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ ပေါင်း ရလဒ် လေးဂိုး-တစ်ဂိုးဖြင့် ဗီလာရီးရဲအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
၂၀၂၂ အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ကွာတားဖိုင်နယ်တက်ရောက်

ဂျိုရှူယာအနေနဲ့ အော့တိုဝယ်လင်နဲ့ ယှဉ်ပြိုင်ထိုးသတ်သင့်ဟု ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲစီစဉ်သူ ပြောကြား

အာရှ စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာစနူကာကစားသမား အောင်ဖြိုး ပူးတွဲတတိယဆုရ
၂၀၂၂ အာရှစနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို မတ် ၁၂ ရက်မှ ၁၆ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်ရာ မြန်မာစနူကာကစားသမား အောင်ဖြိုး ပူးတွဲတတိယဆု ရရှိခဲ့သည်။
ထိုင်းဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရ
ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဖြစ်သော NSDF Futsal Invitation Championship 2022 အုပ်စု ဒုတိယနေ့ ကို မတ် ၁၆ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။