ရိုးမားအသင်း ဥရောပကွန်းဖရင့်လိဂ်ဖလားပထမဆုံးအကြိမ် ဆွတ်ခူး

ရိုးမားအသင်းနဲ့ ဖီယင်နုအသင်းတို့ မတ် ၂၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပကွန်းဖရင့် လိဂ်ဖလားနောက် ဆုံးဗိုလ်လုပွဲစဉ်မှာ ရိုးမားအသင်းက ဇာနီအိုလီရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဥရောပကွန်းဖရင့်လိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ယူအီးအက်ဖ်အေဖလား စတဲ့ဖလားတွေကို ရယူပေးနိုင်ခဲ့ပြီးဖြစ်တဲ့ နည်းပြ မော်ရင်ဟိုဟာ ရိုးမားအသင်းနဲ့အတူ ဥရောပကွန်းဖရင့်လိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာကြောင့် ယူအီးအက်ဖ်အေရဲ့ အဓိကဖလားအားလုံးကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုဟာ ယခုရိုးမားအသင်းနဲ့အတူ ဥရောပကွန်းဖရင့်လိဂ်ကို ရရှိခဲ့တာကြောင့် သူ့ရဲ့ ဥရောပဗိုလ်လုပွဲ ငါးကြိမ်စလုံးမှာ ငါးကြိမ်စလုံးအနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်းတစ်ရပ်လည်း ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုဟာ ပေါ်တိုအသင်းနဲ့အတူ ယူအီးအက်ဖ်အေဖလား(၂၀၀၂-၂၀၀၃)၊ ချန်ပီယံလိဂ် ဖလား(၂၀၀၃-၂၀၀၄)၊ အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၂၀၀၉-၂၀၁၀)၊ မန်ယူအသင်းနဲ့ အတူ ယူရိုပါလိဂ်ဖလား(၂၀၁၆-၂၀၁၇)နဲ့ ယခု ရိုးမာအသင်းနဲ့အတူ ဥရောပကွန်းဖရင့်လိဂ်ဖလား(၂၀၂၁-၂၀၂၂) တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခုရရှိခဲ့တဲ့ ဥရောပကွန်းဖရင့်လိဂ်ဖလားဟာ ၂၀၁၇ ခုနှစ်အတွင်းက မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားရရှိခဲ့ပြီးနောက်ပိုင်း နည်းပြမော်ရင်ဟိုအတွက် ပထမဆုံးဆုဖလားရရှိမှုလည်းဖြစ်သလို ရိုးမားအသင်းအတွက်လည်း ၁၄ နှစ်တာကာလ အတွင်း ပထမဆုံးရရှိခဲ့တဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ၂၀၂၁-၂၀၂၂  ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံ အေစီမီလန်အသင်းနဲ့ ၂၃ မှတ်အကွာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။

ငွေကြယ်