လိုက်ဝယ်သာဝိတ်ခါးပတ်များ သိမ်းပိုက်နိုင်ခဲ့တဲ့ ချန်တယ်လီကာမီရွန်

ဗြိတိန်လက်ဝှေ့မယ် ချန်တယ်လီကာမီရွန်ဟာ လန်ဒန်မြို့ရှိ 02 အရီနာ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပြိုင်ပွဲမှာ ဘတ်စတော့ကို အမှတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒဗလျူဘီစီ၊ အိုင်ဘီအက်ဖ်စတဲ့ လိုက်ဝယ်သာဝိတ်ချန်ပီယံခါးပတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘတ်စတော့ဟာ ၂၀၁၈ ခုနှစ်အတွင်းကလည်း အိုင်ယာလန်စူပါစတား ကေတီတေလာကို ရှုံးနိမ့်ခဲ့ တာကြောင့် သူ့ရဲ့ လက်ဝှေ့မယ်ဘဝ ပွဲပေါင်း ၃၀ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ခုနစ်ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ ရပြီလည်းဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ချန်တယ်လီကာမီရွန်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့မယ်ဘဝမှာ ၁၆ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၁၆ ပွဲစလုံးရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်တယ်လီကာမီရွန်ဟာ လာမယ့်ပွဲစဉ်အဖြစ် ဒဗလျူဘီအေနဲ့ ဒဗလျူဘီအိုချန်ပီယံ ကာလီရိစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ လည်းဖြစ်ပါတယ်။

ငွေကြယ်