အာဂျင်တီးနားအသင်းနှင့်အတူ တိုက်စစ်မှူး မက်ဆီ ပြန်လည်ပါဝင်လာမည်
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားအသင်း၊ အီကွေဒေါအသင်းတို့နဲ့ ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ပြန်လည် ပါဝင်လာမှာဖြစ်တယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။




