ပိုချက်တီနိုကို ခေါ်ယူရန် မန်ယူနဲ့ရီးယဲလ်မက်ဒရစ် အပြိုင်ကြိုးပမ်းနေ

စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီအသင်း နည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့အပြိုင် ကြိုးပမ်းနေရပြီး နည်းပြပိုချက်တီနိုဟာ ယခုနှစ်ဘောလုံး ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။
စပါး၊ လီဗာပူးအသင်းတို့ပါဝင်သည့် ပရီမီယာလိဂ်လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်
ပရီမီယာလိဂ်လက်ကျန် ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်များတွင် ဘန်လေက စပါး၊ ဝက်ဖို့ဒ်က ပဲလေ့စ်၊ လီဗာပူးက လိဒ်စ်အသင်းတို့နှင့် ဆုံတွေ့နေသည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲပြုလုပ်
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည်။
ဝုဖ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာလိဂ် ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည့် လက်စတာ
ဝုဖ်အသင်းနှင့် လက်စတာအသင်း တို့၏ ပရီမီယာလိဂ်ပွဲစဉ် (၂၆) ကို တနင်္ဂနွေနေ့ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ဝုဖ်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဝုဖ်အသင်းသည် ယခုပွဲစဉ်အနိုင် ရရှိခဲ့သောကြောင့် ပရီမီယာလိဂ် ၂၄ ပွဲကစားပြီး ရမှတ် ၄၀ ဖြင့် အဆင့် (၄) အတွင်း ဝင်ရန်  အားကောင်း လာခဲ့ပြီ ဖြစ်သည်။
ဗလင်စီယာအသင်းကို အနိုင်ရပြီး ဘာစီလိုနာအသင်း ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်
ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပွဲစဉ်(၂၄) အဖြစ် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဗလင်စီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗလင်စီယာအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး စပိန်လာလီဂါ ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 ဟယ်ရီကိန်းရဲ့ နောက်ကျသွင်းဂိုးနဲ့ မန်စီးတီးအသင်းကို စပါးအသင်းအနိုင်ရ

ဖာမီနိုနဲ့ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အင်တာမီလန်ကို လီဗာပူးအနိုင်ရ
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက အင်တာမီလန် အသင်းရဲ့ အိမ်ကွင်းဆန်စီယို၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက အင်တာမီလန်အသင်းကို နှစ်ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။