ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် မြန်မာအသင်း ၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ

ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကစားသမား များရှိနေခြင်း၊ ရောဂါလက္ခဏာ ခံစားနေရသူများရှိနေခြင်းတို့ကြောင့် မလေးရှားနှင့် အုပ်စုပထမပွဲ မကစားမီ နာရီပိုင်းအလိုတွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည့် ထရစ်ပီယာ
နယူးကာဆယ်အသင်းမှ ခံစစ်ကစားသမားတစ်ဦးဖြစ်သူ ထရစ်ပီယာသည် တနင်္ဂနွေနေ့က  အက်စ်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့် ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလ တတိယပတ် စတင်လေ့ကျင့်မည်
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလတတိယပတ်တွင် စတင် လေ့ကျင့်သွားမည်ဖြစ်သည်။
ခံစစ်ကစားသမား ရူဒီဂါကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ချယ်ဆီးအသင်း ကမ်းလှမ်း

လိုင်ယွန်တောင်ပံကစားသမား ရှာကွီရီကို မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်း ခေါ်ယူ
မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသည် လိုင်ယွန်အသင်းမှ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကွီရီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
အမျိုးသား မီတာ ၁ဝဝဝဝ စကိတ်စီးပြိုင်ပွဲတွင် ဆွီဒင်မှ နေးလ်ဗန်ဒါပိုလ် ကမ္ဘာ့စံချိန်ချိုး

ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပခြင်းဖြင့် တရုတ်နိုင်ငံ၏ ဆောင်းရာသီ အားကစားများကိုပါ မြှင့်တင်ဖော်ဆောင်လျက်ရှိ
ကျင်းပနေသည့် ၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်သည် တရုတ်နိုင်ငံ၏ ရေခဲပြင်နှင့် နှင်းလျှောစီး အားကစားအတွက် ဂုဏ်ဆောင် ပြယုဂ်တစ်ခုပင်ဖြစ်ကြောင်း တရုတ်သတင်းစာ တစ်စောင်ဖြစ်သော Lianhe Zaobao တွင် မကြာသေးမီက ဖော်ပြလိုက်သည်။