ဘန်လေအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး ယခုနှစ်အတွင်း ပရီမီယာလိဂ်ပြိုင်ပွဲ၌ လက်စတာစီးတီး အသင်း ပထမဆုံးနိုင်ပွဲရရှိ

လက်စတာစီးတီးအသင်းဟာ မတ် ၁ ရက် ညပိုင်းက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုနှစ်အတွင်း ပထမဆုံး ပရီမီယာလိဂ် နိုင်ပွဲရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
အက်ဖ်အေဖလားပဉ္စမအဆင့်၌ မန်စီးတီး၊ ပဲလေ့စ်တို့ နောက်တစ်ဆင့်တက်ပြီး စပါးအသင်းပြိုင်ပွဲမှ ထွက်ခဲ့ရ
​​​​​​​အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှ ပွဲစဉ်သုံးပွဲကို မတ် ၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပီတာဘရော့နှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်တွင် မန်စီးတီးအသင်းက နှစ်ဂိုး-ဂိုးမရှိ၊ ပဲလေ့စ်နှင့် စတုတ်အသင်း တို့ပွဲစဉ်တွင် ပဲလေ့စ်က နှစ်ဂိုး-တစ်ဂိုး၊ မစ်ဒယ်ဘရော့နှင့် စပါးအသင်းတို့ ပွဲစဉ်တွင် မစ်ဒယ်ဘရော့အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် မက္ကဆီကိုအိုးပင်းတင်းနစ်ဆုဖလား ရယူဆွတ်ခူး
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်နဲ့ ဗြိတိန်နံပါတ်တစ်တင်းနစ်ကစားသမား ကာမီရွန်နော်ရီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မက္ကဆီကိုအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ ရာဖေးလ်နာဒယ်က ကာမီရွန်နော်ရီးကို ၆-၄၊ ၆-၄ နဲ့ အနိုင်ရရှိပြီး မက္ကဆီကိုအိုးပင်းတင်းနစ်ဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အောင်လအန်ဆန်၏ စိန်ခေါ်ပွဲပါဝင်သည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်

အောင်လအန်ဆန်၏ စိန်ခေါ်ပွဲပါဝင်သည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်
ONE Championship က စီစဉ် ကျင်းပသည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူ နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ၏ စိန်ခေါ်ပွဲပါဝင်မည်ဖြစ်သည်။
ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီအသင်းကို ချယ်လ်ဆီးအသင်း အနိုင်ရ
ချယ်လ်ဆီးအသင်းနဲ့ လိုင်လီအသင်းတို့ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီအသင်းကို အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့ယှဉ်ပြိုင်မည့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်
အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစား နည်း ၁၄ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။