အမ်မာရာဒူကာနူ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ကာမီရွန်နော်ရီး နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိ

ဗြိတိန်နံပါတ်တစ်တင်းနစ်မယ် အမ်မာရာဒူကာနူဟာ ပြင်သစ်အိုးပင်းတင်းနှစ်ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်းဒုတိယအဆင့်မှာ ရှုံးပွဲကြုံခဲ့ရတာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ တင်းနစ်မယ် အမ်မာရာဒူကာနူဟာ ဒုတိယအဆင့်မှာ ဘီလာရုစ်တင်းနစ်မယ် ဆက်နိုဗစ်ချ်ကို ၃-၆၊ ၆-၁၊ ၆-၁ နဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ အမ်မာရာဒူကာနူ ပြိုင်ပွဲကနေထွက်ခဲ့ရပေမယ့် ဗြိတိန်ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ကာမီရွန် နော်ရီးကတော့ ဩစတြေးလျတင်းနစ်ကစားသမား ဂျာဆင်ကူဘလာကို ၆-၃၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရရှိ ခဲ့တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း တတိယအဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

ဗြိတိန်ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား ကာမီရွန်နော်ရီးဟာ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ တတိယအဆင့်မှာ ရုရှားတင်းနစ်ကစားသမား ခါချာနော့ဗ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ငွေကြယ်