မအီမြို့နယ်တွင် ဘိလပ်မြေဖျော်စက်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ယာဉ်မောင်းသေဆုံး
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပန်ကျေးရွာအုပ်စု၊ မအီခြေတော်ရာသွားလမ်း၊ မိုင်တိုင်အမှတ်(၁၃/၄)အနီးတွင် ဇန်နဝါရီ ၁၅ ရက် နံနက်(၁၁)နာရီခန့်က ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေဖျော်စက်တင်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ထွန်းထွန်းဝေနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြသည်။






