မိုးမိတ်၊ ဘားအံနှင့် မိုင်းခတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၁၅  ဇန်နဝါရီ  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၄ ရက်နံနက် ၁၀ နာရီခွဲခန့်တွင် မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာနေ လီလေး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ နှင့်ဘိန်းဖြူ သုည ဒသမ ၀၂၅ ကီလို တို့ကိုလည်းကောင်း။

ထို့အတူ ယင်းနေ့မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စု၊ ထုံးအိုင်ကျေးရွာနေ မျိုးဇော် ထွန်း(ခ)မျိုး ထွန်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ကိုလည်း ကောင်း။

အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းခတ်မြို့နယ်၊ ခြောက်ထပ်ကွေ့ကျေးရွာနေ ဆောဂါ၏နေအိမ်သို့ဝင် ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ညနေ ၆ နာရီတွင် အဆိုပါ နေအိမ် သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် နွေလိုထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်း ကောင်း။

ကွင်းဆက်အရ ခြောက်ထပ်ကွေ့ကျေးရွာအနီးတွင် လီးလိုနှင့် ဂျူးမေ တို့(၂)ဦးအား မော်တော်ဆိုင် ကယ်တစ်စီးဖြင့် ဖမ်းဆီးရမိခဲ့ပြီး ည ၈ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် မိုင်းခတ်မြို့နယ်၊ ပန်ဆေးကျေးရွာအနီးတွင် အိုက်ခမ်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။  

ရဲပြန်ကြား