ရန်ကုန်-မန္တလေး အမြန်လမ်း၌ Light Truck ယာဉ်တိမ်းမှောက်၊ ၇ ဦးဒဏ်ရာရ

နေပြည်တော်၊ ၁၄ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၁၁/၆-၇)၌ ဇန်နဝါရီ ၁၃ ရက်က Light Truck ယာဉ်တိမ်းမှောက်ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်နေ စိုးဇော်ထွန်း (၄၉)နှစ် မောင်းနှင်ပြီး ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာနေ မခင်မျိုးထွေး (၂၄)နှစ်ပါ ၇ ဦး လိုက်ပါလာသည့် BGO-1P/xxxx Light Truck ယာဉ်သည် အခင်းဖြစ်နေရာအရောက် ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် မခင်မျိုးထွေးပါ ၇ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် စိုးဇော်ထွန်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား