မြိတ်မြို့ အင်းလေးမြိုင်ရပ်၊ ပဒုမ္မာ ၃ လမ်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူနေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံး

မြိတ်၊ ၁၄ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်လေးမြိင်ရပ်၊ ပဒုမ္မာ ၃ လမ်း၌ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီချိန်ခန့်က မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၁၂ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဝိုင်းဝန်း မီးငြိှမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်ခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်ခြေ (၁၂)လုံး  မီးလောင်းကျွမ်းဆုံးရှုံးခဲ့ပြီး၊ မီးလောင်ခံရသည့်  ၁၂ အိမ်တို့မှ မီးဘေးသင့် မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများ နေအိမ်များနှင့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၌ ယာယီပြောင်းရွှေ့ နေရာချထားပေးကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက် ပေးထားကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်းဖိုးတို့အား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

မြင့်ဦး(မြိတ်)