မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များအား သင်တန်းဖွင့်လှစ်သင်ကြားပေး  

မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များအား မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီက မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံးကြီး၏ အစည်းအဝေးခန်းမတွင်  သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ချီဖွေမြို့အဝင်တွင် ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန် ချီဖွေမြို့အဝင်၌ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန့်နေ့ မွန်းလွဲ ၁ နာရီက စတင်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့မှ  COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး မီးသတ်ကားဖြင့် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှု၊ ထားရှိမှုလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးအတွက် ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီမှ လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေး မီးသတ်ကားဖြင့် ပိုးသတ်ဆေးဖျန်းခြင်း ၊ သံသယလူနာများ တွေ့ရှိပါက Facilities Quarantine  ထားရှိရန်အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ဟားခါး)တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြ သည်။
Covid-19 ကာကွယ်ရေးအတွက် မြိတ်မြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် နေရပ်ပြန်(၂၄)ဦးအား ကျန်းမာရေး စစ်ဆေးပြီး  Facilitie Quaratine ဖြင့် စောင့်ကြပ်ကြည့်ရှု
Covid-19 ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦး၊ သင်္ဘော၊ မော်တော်ကားဖြင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသော နေရပ်ပြန် (၁၇)ဦးနှင့် မွန်းလွဲပိုင်းတွင် ရောက်ရှိလာသော နေရပ်ပြန်(၇)ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးပြီး အေးရိပ်ချောင် မဟာစည်ရိပ်သာဘုန်းတော်ကြီးကျောင်းတွင် Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား  Community Quarantine Center များဖွင့်လှစ်၍ စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း Covid-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား (၁၄)ရက်အတွင်း  သီးသန့်ထားရှိမည့် Community Quarantine Center (၅)ခုတွင် ကျန်းမာရေးအခြေအနေများ စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတောင်ခြေအနီးရှိ တန်ခိုးကြီးဘုရားများနှင့် သာသနိကအဆောက်အအုံများတွင် ဘုရားဖူးခွင့်နှင့် လာရောက်လည်ပတ်ခွင့် ယာယီပိတ်ထား
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မန္တလေးတောင်ခြေအနီးရှိတန်ခိုးကြီးဘုရားများနှင့် သာသနိကအဆောက်အအုံများတွင် ဘုရားဖူးခွင့်နှင့် လာရောက်လေ့လာလည်ပတ်ခွင့်ကို ယာယီပိတ်ထားကြောင်း ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
Covid-19 ထိန်းချုပ်ကာကွယ်နိုင်ရန် မြို့အဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက် 
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကူးစက်ပြန့်ပွားလားခြင်း မရှိစေရေးအတွက် နေ့စဉ်အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မတ် ၃၁ ရက် နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်ပေါက်တွင် ပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။