ပင်လောင်းမြို့နယ်တွင် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား  Community Quarantine Center များဖွင့်လှစ်၍ စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်

ပင်လောင်း  ၃၁   မတ်     
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း Covid-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား (၁၄)ရက်အတွင်း  သီးသန့်ထားရှိမည့် Community Quarantine Center (၅)ခုတွင် ကျန်းမာရေးအခြေအနေများ စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ ပြန်လာသူ စာရင်း(၃၅၂)ရှိပြီး မတ်လ၂၇-၂၈ရက်နေ့မှ မတ်လ၃၀ရက်နေ့အထိ Quarantine Center (၅)ခုတွင် (၁၄) ရက်အတွင်း စောင့်ကြပ်ကြည့်ရှုမှုများပေးရာတွင် အ.ထ.က(၁) ပင်လောင်းတွင်(၃၈)ဦး၊ အ.ထ.က နောင်တရားတွင် (၄၃)ဦး၊ အ.ထ.က တလိုင်းမတွင်(၁၃)ဦး၊ အ.ထ.က တီကျစ်တွင်(၇၉)ဦး၊ အ.ထ.က  ဆောင်းပြောင်း တွင်(၃၀)ဦး စုစုပေါင်း(၂၀၃)ဦးအား ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးအခြေအနေများကို စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာ များနှင့် ပြည်သူလူထုများက လိုအပ်သည်များကို ပူးပေါင်းပါဝင်၍ ကူညီပေးလျက်ရှိကြောင်း သိရသည်။ 
                                               
(မြို့နယ်ပြန်/ဆက်)