ပြင်ဦးလွင်မြို့တွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် ၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ








