သံတောင်ကြီး ၂၆ စက်တင်ဘာ
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး KAD နှင့် GMSAEDC (Greater Mekong Subreglour Agriculture and Sducation Development Center)တို့ ပူပေါင်း၍ သံတောင်ကြီးဒေသရှိ ကော်ဖီစိုက်တောင်သူများအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အသိပညာပေးသင်တန်းကို စက်တင်ဘာ ၂၅ ရက်မှ၂၇ ရက်အထိ သံတောင်ကြီးမြို့ရှိ zion နှစ်ခြင်းအသင်းတော် ၃ထပ်ဆောင်ခန်းမ၌ ပြုလုပ်သည်။
သင်တန်းတွင် ဒေါ်မီမီမြင့်(လက်ထောက်ညွန်ကြားရေးမှူး) ကျောက်တိုင်ကော်ဖီခြံ ၊ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်းနှင့် ဦးလင်းအောင်(လက်ထောက်ဦးစီးမှူး) စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကော်ဖီအမျိုးအစားများ ခွဲခြားခြင်း၊ ကော်ဖီပင်များပြုစုပျိုးထောင်နည်း၊ မြေဩဇာရရှိအောင် မြေဩဇာ သိုလှောင်ပြုစုနည်း၊ အရည်အသွေးမီ ကော်ဖီထွက်ရှိအောင် ပြုလုပ်နည်းအဆင့်ဆင့်၊ အနံအရသာ ကောင်းသော ကော်ဖီထွက်ရှိအောင်ပြုလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သူ(၂၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


