စက်မှုသင်တန်းကျောင်း(လပွတ္တာ)နှင့် အိမ်တွင်းမှုသင်တန်းကျောင်း(လပွတ္တာ)တွင် စက်မှု၊ လက်မှုသင်တန်းဖွင့်လှစ်မည်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တိုင်းဒေသကြီး (ပုသိမ်) ကွပ်ကဲမှုအောက်ရှိ စက်မှုသင်တန်းကျောင်း(လပွတ္တာ)နှင့် အိမ်တွင်းမှုသင်တန်းကျောင်း (လပွတ္တာ)တွင် စက်မှု၊ လက်မှုသင်တန်းများကို နေထိုင်စားသောက်မှု၊ ပညာသင်ကြားမှုအား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရ








