ညောင်ဦးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံကိန်းဝင်ကျေးရွာ ရွေးချယ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာ စီစစ်ရွေးချယ်ပွဲကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သစ်တောနည်းဥပဒေ(မူကြမ်း)အပေါ် ဖြည့်စွက်အကြံပြုချက်များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အလှူငွေနှင့် ပစ္စည်းများလှူဒါန်းနိုင်
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်သည် နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နှင့် ဒေသအသီးသီးမှ မျက်မမြင်ကျောင်းများ၊ အလုပ်ရုံများမှ မျက်မမြင်များအား ဖိတ်ကြား၍ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ၁၉၉၂ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပပြီး အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေနှင့် ပစ္စည်းများကို အချိုးကျမျှဝေလှူဒါန်းပေးလျက်ရှိသည်။
အသေးစားအဂတိလိုက်စားမှု လျှော့ချရေးအတွက် CPU Toolkit စမ်းသပ်ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေများ လာရောက်လှူဒါန်း

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသောလယ်မြေများအတွက် မျိုးစပါးနှင့်ဓာတ်မြေဩဇာများ ထောက်ပံ့
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီးမိုးစပါး ဧက ၄၀ဝ၀ ကျော် (လေးထောင်ကျော်ခန့်) ထိခိုက်ပျက်စီးခဲ့ရာ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးလယ်မြေများအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။