ကန့်ဘလူမြို့နယ်တွင် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြော
ကန့်ဘလူမြို့နယ်တွင် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လယ်လှကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း  ကမ္ဘာ့ဘဏ်မှ Environment, Natural Resources and Blue Economy ဆိုင်ရာမန်နေဂျာ Mr. Christophe Crepin နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကမ္ဘာ့ဘဏ်မှ Environment, Natural Resources and Blue Economy ဆိုင်ရာမန်နေဂျာ Mr. Christophe Crepin နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း Power Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး လာရောက်မိတ်ဆက်ရှင်းလင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သကြားကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
သကြားကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။