ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြှးနား မဟာဗျူဟာလမ်းအား ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့်အမာခံလမ်းပုခုံးပြုလုပ်ခြင်း လုပ်ငန်းများကို ဌာနနှင့်ကုမ္ပဏီစုစုပေါင်း ၁၁ ခုတို့မှဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကုန်တင်ယာဉ်ကြီး/ငယ်များ၊ခရီးသည်တင်ယာဉ်များ လွယ်ကူ အဆင်ပြေစွာ ဖြတ်သန်းမောင်းနှင်နေပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ
ပေါ်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ရှေးဟောင်းသုတေသနဉီးစီးဌာနသို့ လွှဲပြောင်း ပေးအပ် လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတော ကျေးရွာတွင် ဇူလိုင်လ ၁၃ရက်နေ့က ဉီးချစ်ဆွေ၊ဒေါ်စန်းမြင့်တို့ပိုင်ဆိုင်သည့် ဝါးဘိုးရုံနှင့် သစ်ပင်တို့အား လူသွားလမ်းအဖြစ် တူးဖော်ရာမ ှတွေ့ရှိသည့်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ် (၆)ဆူနှင့်ပလ္လင် (၁) ခုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာနသို့ အောက်တိုဘာ (၉)ရက်၊ နံနက် (၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊တော်ဝင်စန္ဒကူးခန်းမ၌ ပေးအပ် လှူဒါန်းခဲ့
သတင်းနှင့်ကောလဟာလများကို ခွဲခြားနားလည်နိုင်ရန်  ဟိုတယ်မန္တလေးတွင်  အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Smile Myanmar အဖွဲ့မှ ကြီးမှူး၍ သတင်းနှင့် ကောလဟာလများကို ခွဲခြားနားလည်နိုင်ရန် အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇×၃၈လမ်းကြား၊ ၇၈ လမ်းရှိ ဟိုတယ်မန္တလေးတွင် အောက်တိုဘာလ ၈ ရက်နေ့  မွန်းလွဲ ၁ နာရီက ကျင်းပခဲ့
မိုးညှင်းမြို့တွင် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် ပေးအပ်ပွဲကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သစ်တော ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်
ပွင့်ဖြူမြို့နယ်၌ ခွာနာလျှာနာရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကျွဲနွား တိရစ္ဆာန်များတွင် ခွါနာလျှာနာရောဂါ ကင်းဝေးစေရန်နှင့်   မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံတောင်သူများ၏ ကျွဲနွား တိရစ္ဆာန်များအား ခွါနာလျှာနာ ရောဂါကင်းဝေးရေး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရ
မိတ္ထီလာခရိုင် အမျိုးသီးကော်မတီကကြီးမှူး၍ အိမ်တွင်းမှုအခြေခံပန်းကြယ်သီးထိုးသင်တန်းဖွင့်
မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီက  ကြီးမှူးဖွင့်လှစ်သည့်  အိမ်တွင်းမှုအခြေခံပန်းကြယ်သီးထိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရ
၂၀၂၀ ခုနှစ်  မန်းရွေစက်တော် ဘုရားပွဲတော်အမီ ဓာတ်လှေကားနှင့် စက်လှေကားများအပြီး တည်ဆောက်သွားမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်ဘူး(စကု)မြို့နယ်ရှိ  မန်ရွှေစက်တော်ဘုရားပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်မတိုင်မီ ဓာတ် လှေကား(၂)စင်းနှင့် စက်လှေကား(၁)စင်း တည်ဆောက်သွားမည်ဖြစ်ပါကြောင်း မန်းရွှေစက်တော် ဘုရား ဂေါပကအဖွဲ့ရုံး ဉက္ကဌ ထံမှ သိရ