ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မာရဝိဇယ မဟာမြတ်မုနိ ရုပ်ပွားတော် သီတင်းကျွတ်လပြည့်ညတွင်ဆီမီးငါးထောင်ပူဇော်ပွဲ ကျင်းပမည်

ချင်းပြည်နယ် ဟားခါးမြို့ အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်တောရ စာသင် တိုက်တွင် တည်ထားကိုးကွယ်တော်မူသော မာရဝိဇယမဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် ရုပ်ပွား တော်များအား ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်နှင့် တပည့်ဒါယကာ၊ဒါယိကာမများက စုပေါင်း၍ သီတင်းကျွတ်လပြည့်ညတွင် ဆီမီး (၅၀ဝ၀) ကပ်လှူ ပူဇော် မည်ဖြစ်ကြောင်း သိရှိရ
မိုးနဲမြို့၌ မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန် ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ မတည်အလှူငွေကျပ် သိန်းနှစ်ရာ ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် တိုင်းရင်းသားသုဿန်အတွင်း မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန်အတွက် ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ မတည်လှူဒါန်းငွေ ကျပ် သိန်းနှစ်ရာပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၈ ရက် ညနေပိုင်းက ပေါ့မိုင်းရပ်ကွက်  ချမ်းသားကြီး ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့
ကော့မှူးမြို့နယ်တွင် မော်တော်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးမည်
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ဥပဒေနှင့်အညီ ဆိုင်ကယ်စီးနင်းအသုံးပြုနိုင်ရေးနှင့် အဆင်ပြေချောမွေ့စွာ မော်တော်ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်ရရှိနိုင်ရေးအတွက် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ
သီတင်းကျွတ်ကာလ နေရပ်ပြန်သူများအဆင်ပြေစေရန် ယာဉ်အခေါက်ရေများ ထပ်တိုး ပြေးဆွဲပေးသွားမည်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရပ်ဝေးသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ သီတင်ကျွတ်ကာလအတွင်း သွားလာမှုအဆင်ပြေစေရန် အောက်တိုဘာ ၁၀ ရက်မှစတင်၍ မော်တော်ယာဉ် လိုင်းများ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ
ဝေါလေမြိုင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်းရှိ ကျေးလက်နေပြည်သူများ ကလေး အလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့် အသိပညာများ သိရှိလာစေရန်နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများအား သိရှိလာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အူးဟူးထကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့
ဘိုကလေးမြို့နယ်တွင် အမျိုးသား(၁)ဦး မိချောင်းဆွဲခံရ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲ ကျေးရွာတွင် အောက်တိုဘာ ၈ ရက် ညနေ (၆)နာရီခန့်၌ အမျိုးသားတစ်ဉီး မိချောင်းဆွဲခံရမှု ဖြစ်ပွားခဲ့
မြစ်သားမြို့ ညောင်ပင်သာကျေးရွာ၌၂၄နာရီမီးလင်းပြီ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်  သာလွန်ကျေးရွာအုပ်စု၊  ညောင်ပင်သာကျေးရွာ၌  ၂၀၁၈-၂၀၁၉တိုင်း ဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ညောင်ပင်သာကျေးရွာ    ဓမ္မာရုံတွင် အောက်တိုဘာ ၈ ရက်နေ့ ညနေ  ၅ နာရီက ကျင်းပ