ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံ NHK ရုပ်သံဌာနအား ကြည့်ရှုလေ့လာပြီး တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

အကျဉ်းထောင်စာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်း
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာ့ရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် အကျဉ်းထောင်စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိသတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း AIIP Phase 2 ဆောင်ရွက်မည်

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (၁၂)ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာစွမ်းအင် ရက်သတ္တပတ်သို့တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ထွက်ခွာ
စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၉) ရက်မှနိုဝင်ဘာ (၁) ရက်အထိကျင်းပမည့် (၁၂)ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက် သတ္တပတ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။    
ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေး အစီအစဉ်ရ ဖွင့်လှစ်သည့် ကနူး/ကယက်လှေနည်းပြသင်တန်းအဆင့်(၁) ဖွင့်ပွဲတက်ရောက်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေး အစီအစဉ်ရဖွင့်လှစ်သည့် ကနူး/ကယက်လှေနည်းပြသင်တန်းအဆင့်(၁) သင်တန်း ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက်(၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်  ကျိုက္ကဆံ အားကစားနှင့်ကာယပညာသိပ္ပံ   ရုံးဟောင်း၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မကွေးတိုင်းဒေသကြီးရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့ရှိ ၃၃/၁၁ ကေဗွီ(၅) အမ်ဗွီအေ မြင်းကင်းဓာတ်အားခွဲရုံ၌  လျှပ်စစ်ဓာတ်အား လက်ခံဖြန့်ဖြူးပေးနေမှုများကို ကြည့်ရှု စစ်ဆေးပြီး ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိရေးနှင့် လျှပ်စစ် ဓာတ်အား လေလွင့်ပျောက်ဆုံးမှုမရှိရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားသည်။