နာဂဒေသ၌ ထောပတ်စိုက်တောင်သူများအား စိုက်ပျိုးရေးအသိပညာ သင်တန်းပေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ကုံကိုင်လုံရွာသစ်ကျေးရွာ   တွင် မြန်မာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့်မြန်မာနိုင်ငံထောပတ် စိုက်ပျိုးထုတ်လုပ်တင်ပြသူများအသင်း (MAVO) တို့ပူးပေါင်း၍ ထောပတ်စိုက်  တောင်သူများကို စိုက်ပျိုးရေးအသိပညာပေး သင်တန်းပေးခဲ့ကြောင်း သိရ
ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၆ လုံးပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ် သာဒုချောင်းနှင့် အထွဋ်ကျေးရွာအုပ်စုတို့တွင် အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၆ လုံး ပြိုလဲခဲ့ပြီး လူနေအိမ် ၁၀ အမိုးလန်၍ စုစုပေါင်း လူနေအိမ် ၁၆ လုံး ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရ
(၁၀၅)မိုင် နှစ်နိုင်ငံ သစ်သီးရောင်းကွင်းတွင် ဖရဲသီးကားအဝင်များပြီး အရောင်းအဝယ်အေး
တရုတ်-မြန်မာနယ်စပ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရှေးဇုန်နယ်မြေအတွင်းရှိ သစ်သီးရောင်းဝယ် ကွင်းတွင် ဖရဲသီးရောင်းဝယ်မှု ဈေးအေးနေကြောင်း သိရ
အခမဲ့ သင်ကြားသည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ပညာ့ဥယျာဉ်စာကြည့်တိုက်တွင် အခမဲ့ဖွင့်လှစ်သင်ကြားသည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့
မိုင်းဖြတ်၌ ဝေးလံခေါင်ပါးသည့် ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း ကုသပေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ၊ ပါဆန်း ကျေးလက်ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးမှူး ဦးဘုန်းမော်နှင့် ဝန်ထမ်းများသည် အောက်တိုဘာလ ၂၇ရက် နံနက် ၉နာရီက  နမ့်လောက်ကျေးရွာအုပ်စုမှ ဝေးလံခေါင်ပါး ကျေးရွာများဖြစ်သည့် ဖားပေ့ကျေးရွာနှင့် ပန်ကြု(အပေါ်) ကျေးရွာများရှိ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို (အခမဲ့) ကွင်းဆင်းဆောင်ရွက် ကုသပေးခဲ့
ချစ်စရာ အရွယ် မူကြိုကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယ ၊ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
ပုလောမြို့ အခြေခံပညာ မူလတန်းကျောင်းအမှတ်(၃) နှင့် အမှတ်(၇) ကျောင်းရှိ ချစ်စရာ အရွယ် မူကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ (၁) နာရီက ပုလောမြို့နယ် မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့
အသက် ၈၀ နှင့်အထက် နွမ်းပါးဘိုးဘွားများအား TRI စေတနာကွန်ရက်က ဆန်နှင့် စားသောက်ကုန်များ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ် အတွင်းရှိ အသက် (၈၀)နှစ်နှင့်အထက်ထောက်ပံ့သူမဲ့ နွမ်းပါး သက်ကြီးဘိုးဘွား (၉၄) ဦးအား TRI စေတနာကွန်ရက် ဦးဆောင်မှုဖြင့် အလှူရှင်များက သီတင်းကျွတ်ကန်တော့ပွဲအဖြစ် ဘိုးဘွားတစ်ဦးလျှင် ဆန် (၄)ပြည်၊ ကြက်မုန့်၊ ဝေဖာ၊ နို့ဆီတစ်ဘူး၊ ဝမ်းတီးအထုပ်ကြီးတစ်ထုပ်၊ကွေကာအုပ်၊ သဘတ်၊ ပဲကြာဇံ၊ ခေါက်ဆွဲ၊ပဲဆီ (၅၀)သား၊ ဆပ်ပြာမွှေး၊ ဆပ်ပြာကြမ်း၊ကြက်ဥ (၅) လုံး၊ ကိတ်မုန့်မျိုးစုံ၊ ဗိုက်တာဟုမ်းအားဆေး၊ အကြောပြေလူးဆေးအရည်၊ထမင်း၊ ဝက်သားအာလူးဟင်းနှင့် အလှူငွေ (၁၃၀ဝဝ) ကျပ် တို့အားအောက်တိုဘာလ၂၇ရက်နံနက်၉နာရီကလှူ ဒါန်းခဲ့ကြောင်းသိရှိရ