စတုတ္ထအကြိမ်မြောက် အင်းသားအမျိုးသားနေ့အခမ်းအနား ညောင်ရွှေမြို့တွင် စည်ကားစွာကျင်းပ
ဆက်လက်ပြီး ဧည့်သည်တော်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ တိုင်း မှူးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များသည် အင်းသားအမျိုးသားနေ့အထိမ်းအမှတ် ပြခန်းများ ကို လှည့်လည်ကြည့်ရှုအားပေးကြပြီးနောက် လူထုအခမ်းအနားကျင်းပပြုလုပ်ရာ မြို့တော်ခန်းမသို့ ဆက်လက်ထွက်ခွာကြသည်။
တောင်ကုတ်မြို့ ကင်းတောင်စံပြကျေးရွာအရံမီးသတ်တပ်ဖွဲ့သို့  မီးငြိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
တောင်ကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့က ကင်းတောင်စံပြကျေးရွာ အရံမီးသတ်တပ်ဖွဲ့သို့ မီးငြိမ်းသတ်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကင်းတောင်စံပြကျေးရွာအရံ မီးသတ်တပ်ဖွဲ့ ရုံး၌ ကျင်းပခဲ့သည်။
ကျေးလက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းထုတ်ပေး
လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သည့်   အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ တာဝန်ရှိသူများအဖွဲ့ဖြင့် ကျေးလက်ဒေသ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်များအား အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် ၊ ရွှေပြည်စိုးကျေးရွာသို့ ကွင်းဆင်း ထုတ်ပေးခဲ့ကြကြောင်း သိရ
ချင်းတောင်ထွက် ခရမ်းချဉ်သီး ကလေးမြို့ဈေးကွက်တွင် ဈေးကျနေသော်လည်း တမူးနယ်စပ်မှ အဝယ်လိုက်၍ အရောင်းအဝယ်သွက်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ချင်းတောင်ထွက် သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက် ချင်းတောင်ထွက် ခရမ်းချဉ်သီးများ ဈေးကျနေသော်လည်း မြန်မာ-အိန္ဒိယ နယ်စပ် တမူးဈေးကွက် တွင် ဝယ်ယူမှုများပြားသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကလေးမြို့ တာဟန်းရပ်ကွက် ချင်းတောင်သီးနှံမျိုးစုံ ရောင်းဝယ်ရေးကုန်စိမ်းပွဲရုံမှ သိရ
မြောက်ယမား ရေလှောင်တမံ လက်ယာတိုးချဲ့ ရေသောက်စနစ်ဧရိယာအတွင်းရှိ တောင်သူများ မိုးစပါး အောင်ရေရရှိရေးနှင့်စိုက်ပျိုးရေ ညီညွတ်မျှတစွာ စနစ်တကျ ရယူသုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ၊  ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်  ၊ မြောက်ယမား ရေလှောင်တမံ လက်ယာတိုးချဲ့ ရေသောက်စနစ်  ရေပေးမြောင်းလက်တံအမှတ် ( ၁၀ )သို့  အောက်တိုဘာ   ၂၆ ရက်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး( ၄ )မှ  ဦးစီးအရာရှိ ဒေါ်နန်းငြိမ်းငြိမ်းနှင့် ဝန်ထမ်းများ၊ မြောက်ယမားရေကူရေလှောင်တမံ တာဝန်ခံ ဦးစီးအရာ ဦးထိန်လင်းနှင့် ဝန်ထမ်းများရောက်ရှိခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအောင်ရေ ရရှိရေးနှင့် ရေပေးမြောင်းလက်တံအမှတ် ( ၁၀ )သို့ ရေဝင်ရောက်မှုနည်းနေသောကြောင့် ရေဝင်ရောက်မှု များလာစေရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သတ်၍ ညှိနှိုင်းဆွေးနွေးခဲ့
ဖာပွန်၌ ပထမအကြိမ် သံဃာအပါး ၁၈၀ အား သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် မယ်သီလရှင် ပါးပေါင်း(၁၈၀)အား ပထမအကြိမ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ အချိန်က အနောက်ဘက်ကမ်းကျေးရွာ သမိုင်းဝင်ရွှေဆံတော် ဘုရားဝင်း အတွင်း၌ ကျင်းပ