ငွေဆောင်တွင် တောဆင်ရိုင်းမှ နှာမောင်းဖြင့်ရိုက်၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိ

ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စုနေ ဦးစိန်ဟန်နှင့်ဇနီးဖြစ်သူဒေါ်လှလှထွေးတို့ နှစ်ဦးသည် ကုန်းစခန်းရွာ၊ ရေဒါတပ်အနီး တောလမ်း ၌ ယမန်နေ့ညနေပိုင်းက ထင်းခုတ်နေစဉ် တောဆင်ရိုင်း တစ်ကောင်နှင့် တွေ့သဖြင့် ထွက်ပြေးရာ ယင်းတောဆင်ရိုင်းမှ နှာမောင်းဖြင့် လိုက်လံရိုက်သောကြောင့် ဦးစိန်ဟန်တွင် ဝဲဘက်ညှပ်ရိုးကြိုး၍ ယာတင်ပါးတွင် ပွန်းပဲ့ဒဏ်ရာရရှိပြီး ဇနီးဖြစ်သူမှာ ယာဘက်လက်မောင်း၊ ကျောကုန်း၊ ရင်ဘတ်နှင့် ဝဲဘက်ခြေထောက်တို့တွင် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ငွေဆောင်ဆေးရုံမှတစ်ဆင့် ပုသိမ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရ
လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) အကောင်အထည်ဖော်ဆောင်ရေး ကော်မတီမှ စိစစ်အတည်ပြု အစည်းအဝေးကျင်းပ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် ကျေးရွာအုပ်စု (၅၃)အုပ်စု ကျေးရွာ(၂၅၈)ရွာမှ ဦးစားပေး ရွေးချယ်ထားသော စီမံကိန်းလုပ်ငန်းခွဲ(၁၇၄)ခုအား မြို့နယ်စီမံကိန်း ရေးစွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီမှ စိစစ်အတည်ပြုခြင်း အစည်းအဝေးအား ယမန်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်
ဝါသီးနှံအထွက်တိုး စိုက်ပျိုးနည်းစနစ်နှင့် သုတေသန စမ်းသပ်ကွက်များတွင် တောင်သူများအား သရုပ်ပြရှင်းလင်း
အောင်လံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ချည်မျှင်ရှည်ဝါစံပြကွက်နှင့် သုတေသန စမ်းသပ်ကွက်များတွင် တောင်သူများအားသရုပ်ပြအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ဝါသီးနှံမျိုးသန့်ခြံ(အောင်လံ)၌ ပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ တောင်သူ(၇၅)ဦးတို့ တက်ရောက်ကြ
ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်                  ကျောင်းသား၊ ကျောင်းသူများ လက်တွေ့စွမ်းရည်ပြိုင်ပွဲ  မြန်မာကျောင်းသူအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်
ဒုတိယအကြိမ်မြောက် အြsပည်ပြည်ဆိုင်ရာသွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့စွမ်းရည်ပြိုင်ပွဲသို့ မြန်မာကျောင်းသူအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ
မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကြီးမှူး ကျင်းပသော သက်ငယ်မုဒိမ်း ကာကွယ်ရေး ပညာပေးဟောပြောပွဲ ချောင်းဦးမြို့နယ်တွင် ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၌ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော သက်ငယ်မုဒိမ်းကာကွယ်ရေး ပညာပေး ဟောပြောပွဲကို ချောင်းဦးမြို့နယ် အနော်ရထာခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့
ဖိုလ်ဝင်တောင်ကြိုးဝိုင်းအတွင်းရှိ ကျေးရွာသုံးထင်းစိုက်ခင်းမှ ထင်းနှင့် မျောများအား ကျေးရွာပြည်သူများအား ဝေငှပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဖိုလ်ဝင်တောင်ကြိုးဝိုင်းအတွင်းရှိ ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသော ထင်းနှင့် မျောများအား ကျေးရွာပြည်သူ များအား ဝေငှပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ ကျေးရွာသုံး ထင်းစိုက်ခင်း၌ ကျင်းပကြောင်း သိရ
ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များကောက် ယူခြင်းနည်းပညာသင်တန်း  ပေါက်မြို့၌ ဖွင့်လှစ်
ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက် ရာတွင်ပိုမိုတိကျသောအချက် အလက်များရရှိစေရန်ရည် ရွယ်၍ ကျေးလက် ရေပေးရေး ဆိုင်ရာအချက်အလက်များအား RWSMIS Application အသုံးပြု ကောက်ယူခြင်းနည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ