ပဉ္စမအကြိမ်မြောက် အာဆီယံ ကျန်းမာရေးကဏ္ဍ အစည်းအဝေးကျင်းပ

ပဉ္စမအကြိမ်မြောက် အာဆီယံ ကျန်းမာရေးကဏ္ဍ(၂) အစည်းအဝေး (5th ASEAN Health Cluster 2 Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ကျင်းပ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင်   ကာယဗလမောင်နှင့်ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
၂၀၁၉ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲကို အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပ ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော အားကစားသမားများအား ဆုချီးမြှင့်ပေးအပ်ခဲ့
ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ
အလယ် အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပ
ကလေးစာပေပွဲတော် (တောင်ငူ) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပထမအကြိမ် ကလေးစာပေပွဲတော် (တောင်ငူ) စာအုပ် စာ စောင်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် အောက်တိုဘာ ၂၉ ရက်က စတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရ
မသန်စွမ်းမှုအား ဖွံ့ဖြိုးရေးကဏ္ဍတိုင်းတွင် ထည့်သွင်း စဉ်းစားလာရေး အလုပ်ရုံဆွေးနွေးပွဲဟားခါးမြို့၌ ကျင်းပ
ချင်းပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတို့ ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာကဏ္ဍများအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ CACC ခန်းမ၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးငွန်အေး၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ စီမံကိန်းဒါရိုက်တာ ဒေါ်အေနီဇိန်နှင့် ဝန်ထမ်း များ၊  INGO , NGO များမှဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ
အများပြည်သူနှင့် ဌာနဆိုင်ရာများအကြား ထိတွေ့ဆက်ဆံမှု ခိုင်မာအားကောင်းလာစေရန် အမျိုးသမီးများ ၏ အခန်းကဏ္ဍမှ ပြည့်ပြည့်ဝဝကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်း စီမံချက်မိတ်ဆက်
မိတ္ထီလာမြို့နယ်၌ အများပြည်သူနှင့် ဌာနဆိုင်ရာများအကြား ထိတွေ့ဆက်ဆံမှု ခိုင်မာအားကောင်း လာစေရန် အမျိုးသမီးများ၏ အခန်းကဏ္ဍမှ ပြည့်ပြည့်ဝဝကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်း စီမံချက်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က Grand Cosmos Hotelတွင် ကျင်းပ ခဲ့ကြောင်း သိရ
လှိုင်သာယာမြို့နယ်သို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာဖတ်ဝါသနာပါသူများ လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လှိုင်သာယာမြို့နယ်သို့ ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို အောက်တိုဘာလ(၂၉)ရက်နေ့ နံနက် ၁၀နာရီက ငှားရမ်းခဲ့