World AIDS Day နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် ကျန်းမာရေးပြည်သူ့စကားဝိုင်း ကျင်းပမည်

၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ( World AIDS Day) အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)တွင် လူထုလမ်းလျှောက်ပွဲနှင့် ကျန်းမာရေးပြည်သူ့စကားဝိုင်းကို ဒီဇင်ဘာ(၁)ရက် နံနက်(၆)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီအစည်းအဝေး(၆၀/၂၀၁၉) ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး (၆၀/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခင်ဦးမြို့နယ်တွင် စိုက်ပျိုးရေရရှိရန်အတွက် မြေအောက်အဝီစိတွင်း(၃၀၃) တွင်းတူးဖော်ပေးမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် သဖန်းဆိပ်ဆည်ရေကို အားပြု၍ စိုက်ပျိုးနေကြသော ဧရိယာများသည် ဆည်ရေ ဝင်ရောက်မှု အခြေအနေအရ ဆောင်းသီနှံနှင့် နွေစပါးစိုက်ပျိုးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းနှင့် စိုက်ပျိုးရေ လိုအပ်ချက်ကို ကုစားနိုင်ရန်အတွက် မြေအောက်အဝီစိတွင်း (၃၀၃)တွင်းကို တူးဖော် ပေးမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ
ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စပါးအစွမ်းဖွင့် စိုက်ပျိုးနည်းစနစ်နှင့် ရေရှည်တည်တံ့သော စိုက်နည်းစနစ်များ ဆိုင်ရာသင်တန်း ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စပါးအစွမ်းဖွင့် စိုက်ပျိုးရေး(System of Rice Intensification) စိုက်ပျိုးနည်းစနစ်နှင့် ရေရှည်တည်တံ့သော စိုက်နည်းစနစ်များဆိုင်ရာသင်တန်းအား ယနေ့နံနက် ၉ နာရီအချိန်၌ ကျင်းပ
စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း တောင်သူများ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုဝင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူများကို ဖိတ်ခေါ်၍ စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ပျိုးထားရှိမှုအား တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မူဆယ်မြို့တွင် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စားပွဲတော် စတင်ကျင်းပ
မူဆယ်မြို့၊ ရှမ်းစာပေယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသည့် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စား ပွဲတော်ကို မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်တွင် ယနေ့ နံနက်ပိုင်းက အခမ်းအနားပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ညဘက်အချိန်တွင် ရှမ်းရိုးရာဇာတ်သဘင်၊ ခေတ်ပေါ်အက ဖျော်ဖြေပွဲ၊ ရှမ်းရိုးရာအကနှင့် ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် စတင်ကျင်းပမည် ဖြစ်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး(၇) ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အစည်းအဝေးသို့ တက်ရောက်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် နိုဝင်ဘာ ၂၂ရက်မှ ၂၃ ရက် အထိ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့နှင့် ဘန်ကောက်မြို့တို့တွင် ကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့