Nippon Maru သင်္ဘောဖြင့် လေ့လာရေးခရီးစဉ် ထွက်ခွာလာသော အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာ
Nippon Maru သင်္ဘောဖြင့် လေ့လာရေးခရီးစဉ် ထွက်ခွာလာသော (၄၆) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (Ship for Southeast Asian and Japanese Youth Program - SSEAYP) သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ ဆက်လက် ထွက်ခွာသွားသည်။





